Tag Archives: Workout

Workout

Myanmar Fitness Game Ebook 2nd Edition

Myanmar Fitness Game – Fitness ကစားတဲ့ဂိမ်း စာအုပ်နှင့် ကစားနည်းသရုပ်ပြဗီဒီယိုကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၁-ရက်၊ ၂၀၁၄ တွင် အခမဲ့ ဖြန့်ချိလိုက်သည်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁-ရက်နေ့က ပထမအကြိမ် ဖြန့်ဝေခဲ့ရာမှာ download ကူးယူသူပေါင်း ၇၀၀-ကျော် ရှိခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။ ဒီကနေ့ တင်ပေးတဲ့ စာအုပ်ကိုလည်း အလားတူ download ကူးယူကြဦးမယ်လို့ မျှော်လင့်မိပါတယ်။

Myanmar Fitness Game - 2nd Edition
Myanmar Fitness Game – 2nd Edition

ယခုစာအုပ်တွင် အရင်စာအုပ်မှာ ပါဝင်သော ကစားနည်းများအပြင် ထပ်မံတိုးချဲ့၍ ကစားနည်း အသစ်အသစ်များ ၀ါဝင်ထားပါတယ်။ ထို့အပြင် ယောဂလေ့ကျင့်ခန်း ကစားနည်းများလည်း ထပ်မံ ထည့်သွင်းထားပါတယ်။

ယောဂလေ့ကျင့်ခန်းများမှာ ယောဂအနေနဲ့သော်လည်းကောင်း၊ အကြောလျှော့ လေ့ကျင့်ခန်းအနေနဲ့သော်လည်းကောင်း အသုံးပြုနိုင်တဲ့ နေမင်းဂါရ၀ပြု ကိုယ်ဟန်ကျင့်စဉ်နှင့် အနားယူအပန်းဖြေရာမှာ ကျင့်သုံးနိုင်တဲ့ ဆဗာဆနလို့ခေါ်တဲ့ အနားယူကျင့်စဉ်တို့ကို ထည့်သွင်းပေးထားပါတယ်။ အထူးကဏ္ဍအနေနဲ့ ယောဂမှာ အသုံးပြုကြတဲ့ အသုံးဝင်တဲ့ မုဒြာ ၁၁-မျိုးကိုပါ ထည့်သွင်းပေးထားပါတယ်။ အဆီကျသွယ်လျလိုသူများ၊ ပိန်လွန်းလို့ ၀ချင်ပါတယ်ဆိုသူများ၊ မျက်နှာမှာ ၀က်ခြံ တင်းတိပ်များကြောင့် အလှပျက်နေပါတယ်ဆိုသူများ၊ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်ဘူးလို့ ဆိုသူများ၊ ရောဂါကင်းလို့ အသက်ရှည်ချင်ပါတယ် ဆိုသူများအတွက် အမှန်အကန်အသုံးဝင်မယ့် ယောဂနည်းစနစ်များ ဖြစ်ပါတယ်။

နောက်တစ်ခုက အရင်တစ်ခေါက်ကအတိုင်းပဲ ကစားနည်းစာအုပ်နဲ့အတူ ကစားနည်းသရုပ်ပြဗီဒီယိုဖိုင်ကိုပါ ပြုလုပ်ပေးထားပါတယ်။ ကြာမြင့်ချိန်ကတော့ ဆယ့်ငါးမိနစ်ပါ။ Quality ကောင်းကောင်းနဲ့ ကြည့်ရအောင် ကြိုးစားထားပါတယ်။ ဒီမှာပါ။

youtube မှာ တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင်တော့ http://youtu.be/bVJ5IzA-dPI မှာပါ။

စာအုပ်ကိုတော့ အောက်မှာ download ရယူနိုင်ပါပြီ။ File Size က 3.3 MB ပါ။

ဆက်သွယ်ရန်

https://myanmarfitnessgame.wordpress.com
www.facebook.com/MyanmarFitnessGame
https://twitter.com/MMFitnessGame
https://plus.google.com/u/0/108693488982982161663
www.youtube.com/user/MyanmarFitnessGame

Myanmar Fitness Game Ebook 1st Edition

Myanmar Fitness Game – Fitness ကစားတဲ့ဂိမ်း စာအုပ်နှင့် ကစားနည်းသရုပ်ပြဗီဒီယိုကို ပထမအကြိမ်အဖြစ် ဇန်န၀ါရီလ ၁-ရက်၊ ၂၀၁၄ တွင် အခမဲ့ ဖြန့်ချိလိုက်သည်။

ပိန်ချင်၊ ၀ချင်၊ လှချင်သူများ၊ မာဆယ်အလှအတွက် ကစားလိုသူများ၊ မအားလို့ gym အနားတောင် မကပ်နိုင်ပါဘူး ဆိုသူများအတွက် အိမ်တွင် အလွယ်ကစားနိုင်သည့် ကိရိယာလွတ်လေ့ကျင့်ခန်းများကို စုစည်းဖော်ပြပေး ထားသည့်စာအုပ်… တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် အချိန်ပေးနိုင်မယ်ဆိုရင် ဒီစာအုပ်က သင့်အတွက်ဆိုတာ သေချာပါတယ်။ Gym ကိုသွားမှ ကိုယ်ကာယအလှ ကစားရမယ်ဆိုတဲ့ခေတ်က နောက်မှာ ကျန်ခဲ့ပါပြီ။

Myanmar Fitness Game
Myanmar Fitness Game

ယခု Myanmar Fitness Game – Fitness ကစားတဲ့ဂိမ်း စာအုပ်သည် အိမ်တွင် အလွယ်တကူ ကစားနိုင်သည့် ကိရိယာလွတ် ကစားနည်းများကို စုစည်းဖော်ပြပေးထားသည့် စာအုပ်ဖြစ်သည်။ အိမ်မှာ၊ ရုံးမှာ၊ ဟိုတယ်မှာ ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို လေ့ကျင့်ကစားနိုင်သည်။ ကိရိယာလွတ်ကစားနည်များမှာ အများထင်သလို သုံး၊ လေးမျိုးခန့်သာ ရှိသည်မဟုတ်ပါ။ အမျိုးပေါင်း ရာချီပြီး ရှိပါသည်။ တီထွင်ကစားတတ်လျှင် ကစားတတ်သလိုလည်း ကစားနည်းအသစ်တွေ ဖြစ်နိုင်ပါသည်။

ယခုစာအုပ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် Fitness ဆိုင်ရာ စာအုပ်စာတမ်းရှားပါးခြင်း၊ စာအုပ်စာတမ်းများရှိသော်လည်း အိမ်တွင်အလွယ်တကူ ကစားနိုင်မည့် ကိရိယာလွတ် ကစားနည်းများ မဟုတ်ခြင်းတို့ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာ့ Fitness လောက၏ လိုအပ်ချက်ကို ဖြည့်ဆည်းလိုစိတ်သက်သက်ဖြင့် အခမဲ့ဖြန့်ဝေပါသည်။

ကိုယ်ကာယအလှ ကစားနည်းနှင့် အလှမ်းဝေးနေသူများ ကစားရလွယ်စေရန် ကစားနည်း သရုပ်ပြ ဗီဒီယိုကိုပါ တည်းဖြတ်ထည့်သွင်းပေးထားပါသည်။ အဆိုပါ သရုပ်ပြဗီဒီယိုတွင် မောင်အိုလံပီယာခုနှစ်ထပ်ကွမ်းဆုရှင် အက်ရှင်မင်းသားကြီး အာနိုး (Arnold Schwarzenegger) ၏ အကြောလျှော့နည်း သရုပ်ပြနှင့်တကွ စာအုပ်ပါ ကစားနည်းများကို တစ်မျိုးလျှင် နှစ်ကြိမ်စီ သရုပ်ပြ ထည့်သွင်းပေးထားပါသည်။ အကြောလျှော့နည်းသရုပ်ပြကို “အာနိုးနှင့်အတူကစားခြင်း” ဗီဒီယိုမှ ကောက်နုတ်ထားပြီး ကျန်ကစားနည်း သရုပ်ပြများကို youtube မှ ရှာဖွေတည်းဖြတ်ထားခြင်း ဖြစ်ပါသည်။ ၎င်း သရုပ်ပြဗီဒီယို ကို http://youtu.be/dkUgGywmYqg တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

ယခုကဲ့သို့ စာအုပ်ပြုလုပ်ရန် ရည်ရွယ်ရင်း ရှိသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ပြီး facebook ပေါ်တွင် Fitness ကစားတဲ့ဂိမ်း အမည်ဖြင့် page တစ်ခုယူကာ ကစားနည်းများနှင့် fitness ကစားသူများအတွက် အသုံးဝင်မည့် ဆောင်းပါးများကို ရေးသားခဲ့ပါသည်။ ယခုအခါ လက်တွေ့ကစားနိုင်သည့် ကစားနည်းပရိုဂရမ်တစ်ခု ဖန်တီးနိုင်လောက်သည့် ကစားနည်းပမာဏ ရောက်ရှိလာပြီဖြစ်သောကြောင့် ယခုစာအုပ်ကို စတင်ပြုလုပ်ဖြန့်ဝေပါသည်။

ယခုစာအုပ်သည် ကနဦး မြေစမ်းခရမ်းပျိုးသည့် အနေဖြင့် ထုတ်ဝေခြင်းဖြစ်၍ ကစားနည်း ၁၅-မျိုး သာ ထည့်သွင်းနိုင်ခဲ့ပါသည်။ သို့သော် ယခုစာအုပ်သည် တစ်ကြိမ်တစ်ခါ ထုတ်ဝေရုံဖြင့် ပျောက်ကွယ်သွားမည့် ပေါ်ပင်စာအုပ်မဟုတ်ပါ။ ဆက်လက်ပြီး တစ်လတစ်ကြိမ် ဖြစ်စေ၊ နှစ်လတစ်ကြိမ်ဖြစ်စေ ကစားနည်းအသစ်များ၊ Fitness ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ထည့်သွင်း၍ update ပြုလုပ်ဖြန့်ချိသွားမည်ဖြစ်ပါသည်။ ၎င်းအခါများတွင်လည်း ယခုကဲ့သို့ပင် အခမဲ့ download ရယူနိုင်ပါမည်။

ကိရိယာလွတ်ကစားနည်များဖြင့် အဆီကျဖို့၊ ၀ဖို့၊ မာဆယ်တက်ဖို့၊ ဘော်ဒီလှဖို့ မဖြစ်နိုင်ဟု ဘယ်သူပြောနိုင်မည်နည်း။ မပြောနိုင်ပါ။ အမှန်တစ်ကယ်လည်း ကိရိယာလွတ်ကစားနည်းများသည် gym တွင် ကိရိယာနှင့် ကစားသည်ကဲ့ပင်သို့ ခန္ဓာကိုယ်အလှကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် ယခုစာအုပ်ပါ ကစားနည်းများကို ယုံယုံကြည်ကြည်ဖြင့် နှစ်လပြည့်အောင် ကစားကြည့်ပါ။ ထူခြားမှုကို လက်တွေ့ခံစားရမည်ဟု အာမခံပါသည်။ နှစ်လပြည့်သောအခါတွင် ပြောင်းလဲကစားနိုင်မည့် ကစားနည်းအသစ်များနှင့် ကစားနည်ပရိုဂရမ်များကို ဆက်လက်ရေးဆွဲပြီး ထုတ်ဝေဖြန်ချိသွားမှာ ဖြစ်ပါသည်။

ယခုစာအုပ်သည် Happy New Year 2014 အမှီ အားချင်းပြုလုပ်ခဲ့သည် ဖြစ်သောကြောင့် အမှားအယွင်းများ လိုအပ်ချက်များ ရှိကောင်းရှိပါမည်။ သို့သော် မကြာခင် လပိုင်းအတွင်းမှာ ယခုစာအုပ်ကို update ပြုလုပ်ဖြန့်ချိမှာဖြစ်လို့ အဲ့ဒီအတွက် စိတ်ပူစရာမလိုပါ။ ကစားနည်းအသစ် များနှင့် Fitness ဆိုင်ရာ အကြာင်းအရာသစ်များ ဆက်လက်ထည့်သွင်းပြီး update ပြုလုပ်ဖြန့်ချိပါမည်။

Myanmar Fitness Game ebook နှင့် ပတ်သတ်ပြီး ဝေဖန်အကြံပေး ချင်တယ်ဆိုရင်… myanmarfitnessgame@gmail.com ကို email ပေးပို့ ဆက်သွယ်နိုင်ပါသည်။ Fitness လောကသားများ၊ နည်းပြများအနေဖြင့်လည်း လိုအပ်ချက်များ တွေ့ရှိပါက comment ချန်ခဲ့ခြင်းဖြင့် သော်လည်းကောင်း၊ email ဖြင့်သော်လည်းကောင်း ဆက်သွယ် အသိပေး ကူညီပေးကြရန် မျှော်လင့်ပါသည်။ စာဖတ်သူများမှလည်း မရှင်းတာများကို အလားတူပင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အားလုံးကို ကျေးဇူးပါ။

အဆိုပါ စာအုပ်ကို ဒီနေရာမှာ download ရယူနိုင်ပါပြီ။

ဆက်သွယ်ရန်

https://myanmarfitnessgame.wordpress.com
www.facebook.com/MyanmarFitnessGame
https://twitter.com/MMFitnessGame
https://plus.google.com/u/0/108693488982982161663
www.youtube.com/user/MyanmarFitnessGame